နတ်မောက် ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့နေ့လည် (၁) နာရီအချိန်ခန့်က ဗိုလ်ချုပ် အထိမ်းအမှတ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် နတ်မောက်မြို့ပေါ်ရှိ ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၉) ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦး စုစုပေါင်း (၃၅) ဦးတို့က “ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာလွန်ချမ်းသာ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆရာ/ဆရာမ များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သင်းသင်းမြတ်