တောင်တွင်းကြီးမြိုနယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်က ပြည်သူများ လက်၀ယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်အချိန်မှာ ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြပါစို့၊ ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးအလုပ်သမား များ၏ အသက်အရွယ်၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေနှင့် ၂၀၁၆ ခုနစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေပါ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာမူများ၊ ဆရာမ မြနှင်းသုန် ရေးသားသည့်  "သင့်ကြောင့်" ကဗျာနှင့် ကာတွန်းများ ဖော်ပြပါရှိကြောင်း သိရသည်။

အဆိုပါကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်း ဆပ်ကော်မတီက တာ၀န်ခံ၍ စောင်ရေ(၁၃၀၀၀)အား အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

အေးမိုးမိုးမြင့်