ဂွ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် စေတနာရှင် ပြည်သူများမှပူးပေါင်း၍ ယမန်နေ့ နံနက် ၈နာရီခွဲအချိန်တွင် မြို့မရပ်ကွက် သိမ်ကုန်းစေတီတော်ကြီး၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော် ကမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ နယ်မြေခံ တပ်ရင်းမှ တပ်မိသားစုဝင်များ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့ပေါ်ရပ်ကွက်မှ စေတနာရှင်ပြည်သူများမှ ပူးပေါင်း၍ရဟန်းသံဃာ၊ သာမဏေ(၁၀၀)ပါးအား မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြရာ (ဆွမ်းဆန်၊ ဆီ၊ အခြားလှူဖွယ်ဝတ္ထုများ၊ ဝတ္ထုငွေများ) အပါအဝင် လှူဒါန်းမှုစုစုပေါင်း တန်ဖိုး(၃၈သိန်း)ကျော် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်