အမြို့မြို့အနယ်နယ်သတင်းများ

Feb 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား Silent Strike (အသံတိတ်သပိတ်) တွင်ပါဝင်မှုမရှိစေရေး  နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား သိရှိစေရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့ကျက်သရေဆောင်ခန်းမရှေ့ ပင်လုံလမ်းပေါ်တွင် မြို့တွင်းသွားလာသူများအား ဖြန့်ဝေခဲ့သည်။
Feb 01,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရွာကြီးကျေးရွာအနီးရှိ ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျော်ဘုရားကြီးတွင် ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းစွာဖြင့်ဖူးမျော်နိုင်ရန်   ဌာနဆိုင်ရာများစုပေါင်း၍  ယမန်နေ့ နံနက် ၁၁ နာရီက သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Feb 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Feb 01,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရွာကြီးကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်း သား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
Feb 01,2022
မြန်မာနိုင်ငံတဝှမ်း လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သီးတင်းသုံးနေထိုင်တော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Feb 01,2022
အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီ ညနေ (၄) နာရီအထိ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ရန်နှင့် ညနေ(၄)နာရီအချိန်တွင် အသံတိတ်သပိတ် အောင်မြင်ခြင်းအနေဖြင့် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ ပြုလုပ်ကြရန် လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေယာယီစျေးသို့ လာရောက်ကြသည့် ဈေးရောင်း/ဈေးဝယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စျေးတာဝန်ခံနှင့် ဝန်ထမ်းများက အသံချဲ့စက်ဖြင့် စျေးအတွင်း  လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။