အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်စမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 26,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ဆေးရုံတွင် ရုရှားနိုင်ငံထုတ် Sputnik Light ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဇန်နဝါရီလ (၂၃)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှစတင် ၍ ဦးတည် အုပ်စုများကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Jan 26,2022
ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ် နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ယနေ့ နံနက် ၁၀ နာရီက ပြည်သူများ ပူး‌ပေါင်းပါဝင်၍ လိုက်နာရမည့် အချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာ ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်း များက ယနေ့နံနက် ၉ နာရီတွင် မောက်မယ်မြို့အခြေခံ ပညာကျောင်းများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ မြေလွှာခွဲကိရိယာ(Subsoiler) အသုံးပြု နည်း လက်တွေ့မောင်းနှင်သရုပ်ပြ ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့ အမှတ်(၂) အလတ်စား စက်ပြင် အလုပ်ရုံပိုင် မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဇန်နဝါရီ ၂၁ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၈နာရီမှ နေ့လယ် ၂ နာရီထိ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက် လက်ထုတ်ပေးလျက်ရှိကြောင်းသိသည်။
Jan 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကွေ့ချောင်း ရပ်ကွက်၊ ကွေ့ချောင်းရွာမဖြတ်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Jan 26,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နေ ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံပစ္စည်းများဖြစ်သော ဆီ၊ကုလားပဲ၊ စောင်၊ခေါက်ဆွဲခြောက်၊ ကွေကာအုတ်၊အသားတု၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲစသည်တို့ကို ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၆:၃၀)နာရီ အချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေး(တောင်စျေး)အနီးတွင် လှူဒါန်းပေးအပ်ခဲ့ပါသည်။