အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2021
 စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ထီးဆောင်းစံပြကျေးရွာ ရွှေရတုတိပိဋကစက္ခုပါလ ဆေးရုံတော် အတွင်း တည်ဆောက်ပြီးစီးပြီဖြစ်သည့် အောက်စီဂျင်စက်ရုံမှ ယခုအခါ အောက်စီဂျင်များ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။
Sep 10,2021
မကွေးတိုင်းဒေသကြီး ၊တောင်တွင်းကြီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ(၁၃)ရက် နေ့တွင်ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်(၁၀)နာရီက မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံး Community Centre ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
Sep 10,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ စက်တင်ဘာလ(၆)ရက်နေ့အထိ လူဦးရေ(၄၇၆၇)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေသူများအား ပြန်လည် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 10,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း နေ့စဉ်ရုံးလုပ်ငန်း တာဝန်များ ထမ်းဆောင်လျက်ရှိသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၁၀၇)အား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Sep 10,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာ ရမည့်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။
Sep 10,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်နှင့် အဓိက စား​သောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ ဆီနှင့် ကြက်ဥများအား ​ရွေ့လျား မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ​ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက်ခွဲတွင် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် လာရောက်ရောင်းချပေး ခဲ့ကြောင်း သိရှိရသည်။
Sep 10,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ကျောင်းတိုက် အသီးသီးရှိ ဆရာတော်၊ သံဃာတော်များအား ကိုဗစ် ၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် အခမဲ့စစ်ဆေး‌‌ ပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။