မောက်မယ် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်း များက ယနေ့နံနက် ၉ နာရီတွင် မောက်မယ်မြို့အခြေခံ ပညာကျောင်းများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မှူးရုံးမှဝန်ထမ်းများတို့က မောက်မယ် အ.ထ.ကနှင့် အ.လ.ကခွဲ(စျေးတန်း)ကျောင်းရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ရရှိစေရေးအတွက် ကျောင်းသား/ ကျောင်းသူများ (၁၂၀)ဦးခန့်အား ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့ကြောင်းနှင့် ကျန်ရှိအခြေခံပညာကျောင်းများသို့လည်း ထပ်မံကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှူး ရုံးဝန်ထမ်းများထံမှ တဆင့်သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)