ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ဒဂုံတောင် ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်စမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကျန်းမာရေးဌာနခွဲသို့ ဆေးထိုးရန် လာရောက်ကြသော  ကလေးငယ်များနှင့် မိခင်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး သတ်မှတ်နေရာများ၌ နားနေစေပြီး စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကလေးငယ်များအတွက်လည်း ရာသီအလိုက် ဖြစ်ပေါ်တက်သော ကူးစက်ရောဂါများဒဏ်မှလည်း ကင်းဝေးစေရန်အတွက် ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကလေးပုံမှန် ကာကွယ်ဆေးကိုယ် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်