အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မျိုးဇော်ဟိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝက ဦးစီးမှူး ဦးသိန်းလွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲအချိန်က ဒဂုံမှော်ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံ (ဈေးကွက်)အတွင်း ကြက်သွန်နီပိဿာချိန်ပေါင်း ၅၀၀၀၀ ခန့်အထိ နေ့စဉ်ဝင်ရောက်လာကြောင်း သိရသည်။
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ရာ  ဇန်နဝါရီ ၁၅ ရက်နေ့အထိ ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု ၅၀ ဒဿမ ၄၇ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ် အတွင်း၌ သန့်ရှင်းသာယာလှ ပစေရန်နှင့်ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့တွင်း ရပ်ကွက်လမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၂ နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 18,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာစိုက်ဧက ခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jan 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ အသက် ၁၈ နှစ်နှင့် အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် အောင်သပြေရပ်ကွက်၌ ကွင်းဆင်းထိုးနှံပေးသည်။ 
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန်ကြိုတင် ကာကွယ်ရေးအသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီ က အမှတ်(၈)ရပ်ကွက်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး များပူးပေါင်း၍ အသိပေးနှိုးဆော်ခဲ့သည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦးတို့ လိုက်ပါ၍ ယနေ့နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စားသုံးရန် မသင့်သော အစားအသောက် အမှတ်တံဆိပ်(၃၅)မျိုးအား စျေးများအတွင်း၊ အပြင်စျေးကွက် လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။