မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့် ရှုစစ်ဆေး

အထက်မင်းလှ     ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ် အတွင်း၌ သန့်ရှင်းသာယာလှ ပစေရန်နှင့်ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့တွင်း ရပ်ကွက်လမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၂ နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းများကွန်ကရစ်ခင်းခြင်းဆောင်ရွက်ရာ၌ မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ    ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်(၆)လပတ်တွင်   ရုံးရပ်ကွက်မြောက်ပိုင်းရှိ စက်မှုမေတ္တာလမ်းသွယ်(၃)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား လမ်းအရှည်၅၀၀ပေ၊ အကျယ်၁၂ပေ၊ ထု ၈လက်မ  ဆောင်ရွက်ပြီးစီး မှုအခြေအနေများ၊ မြောက်ရပ်ကွက်ရှိ သရက်တောလမ်းကွန်ကရစ်ခင်းလုပ်ငန်း လမ်းအရှည် ၉၉၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈လက်မ နှင့်ပိတောက်လမ်း   ကျန်အပိုင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း  လမ်းအရှည်၂၈၉ ပေ၊ အနံ ၁၂ ပေ၊ ထု ၈လက်မ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊‌ ဇေယျာသီရိဈေးအတွင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊  မြို့နယ် အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိတို့မှ ကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါလမ်းများကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်မြို့နယ် စီမံအုပ်ချုပ်‌ရေး အဖွဲ့မှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)