ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စားသုံးရန်မသင့်သော အစားအသောက် (၃၅)မျိုးအား စျေးကွက် လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦးတို့ လိုက်ပါ၍ ယနေ့နံနက် နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စားသုံးရန် မသင့်သော အစားအသောက် အမှတ်တံဆိပ်(၃၅)မျိုးအား စျေးများအတွင်း၊ အပြင်စျေးကွက် လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စျေးအတွင်းအပြင် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေဦးဆောင်သော တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆိုင်ရှင်များအနေဖြင့်  တားမြစ်ဓာတုပစ္စည်း ပါဝင်နေသော စားသုံးရန်မသင့်သည့် အစားအသောက် အမှတ်တံဆိပ် ပစ္စည်း(၃၅)မျိုးအား သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည့်အတွက် နောက်နောင်စစ်ဆေးတွေ့ရှိပါက တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်/ဆက်)