အထက်မင်းလှ ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန်ကြိုတင် ကာကွယ်ရေးအသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီ က အမှတ်(၈)ရပ်ကွက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး များပူးပေါင်း၍ အသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါအသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်သည် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှုပိုမိုများပြားလာ ပြီဖြစ် သောကြောင့် အိုမီခရွန်မျိုးကွဲသစ်ကိုကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမခံရစေရေး ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များအား တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံမှု(၂)ကြိမ်ပြည့်အောင် ထိုးနှံခြင်းတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အိုမီခရွန်အပါအဝင် မျိုးရိုးဗီဇပြောင်းရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ကြပါရန် တို့ကို အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)