Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်မဲပေးနိုင်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ
Dec 31,2025
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်မဲပေးနိုင်စေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ အတွင်းရေးမှူး ရဲမှူးအောင်ဆွေဦး၊ အဖွဲ့ဝင်ဗိုလ်မှူးကျော်နိုင်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်နှင့် ပေါင်မြို့ပေါ်ရပ်ကွက်မှ ဒေသခံပြည်သူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ INSTALLATIONတပ်ဆင် အသုံးပြုခြင်းဆောင်ရွက်
Dec 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒုတိယအပိုင်း (၂) တွင်ပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEV)များ INSTALLATIONတပ်ဆင် အသုံးပြုခြင်းများကို ယနေ့နံနက်ပိုင်းကဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံနှင့် အမှုဆောင်ရွေးခ…
Dec 31,2025
ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံနှင့် အမှုဆောင်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ တွေ့ဆုံဆွေးနွေး
Dec 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဒေးဒရဲမြို့နယ်အတွင်းမှ မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်သို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များရောက်ရှိ
Dec 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ယနေ့နံနက် (၁) နာရီ (၃၀) အချိန်ခန့်က မအူပင်ခရိုင်မှတစ်ဆင့် လာရောက်ပို့ဆောင်ပေးခဲ့ပြီး ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သီရိအဏ္ဏဝါခန်းမတွင် လက်ခံရယူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ
Dec 31,2025
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ များကို ဒီဇင်ဘာလ ၃၁ ရက်မှစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး ၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲကျင်းပ
Dec 31,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံးနှင့် ကဗျာနှင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်က အ-ထ-က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 31,2025
မဟာအောင်မြေမြို့နယ်၊ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1820
Page
1821
Page
1822
Page
1823
Current page
1824
Page
1825
Page
1826
Page
1827
Page
1828
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department