ဒေးဒရဲမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ တွေ့ဆုံဆွေးနွေး

ဒေးဒရဲ ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဒေးဒရဲမြို့နယ်အတွင်းမှ မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က ပထမအကြိမ် ကျင်းပပြီးစီးသည့် ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် အားသာချက်၊ အားနည်းချက်များ၊ မဲပေးစက်များ ကွပ်ကဲရာတွင် ကြုံတွေ့ရမည့်အခက်အခဲများ၊ မဲရုံပရဝုဏ်အား စနစ်တကျရှိစေရေး သတ်မှတ်ဆောင်ရွက်သွားရန်၊ မဲစာရင်းများ ရေတွက်ရာတွင် စနစ်တကျဖြစ်စေရေးအတွက် နည်းဥပဒေများအတိုင်းဆောင်ရွက်သွာရန် ဆွေးနွေးခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းက မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်​ကြန့်ကြာမှုမရှိစေရေနှင့် အရန်မဲပေးစက်များ အဆင်သင့်ဆောင်ရွက်ထားရှိမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။​ထို့နောက်တက်ရောက်လာကြသည့် မဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများကလည်း သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း