အမြို့မြို့အနယ်နယ်သတင်းများ

May 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် KG တန်းမှ Grade-11 အထိ ဖြေဆိုခဲ့ကြသည့် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ယနေ့ နံနက်(၆)နာရီက သက်ဆိုင်ရာကျောင်းအသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
May 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားလာတတ်သော ဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီက အမှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသမှုများ ဆောင်ရွက်ခဲ့သည်။
May 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က mobile library စနစ်ဖြင့် စာအုပ်၊စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးခဲ့​ကြောင်း သိရသည်။
May 16,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာရှိ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့‌ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
May 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့၌ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 16,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြို့မဈေးကြီးသို့ ဒေသမှထွက်ရှိသော ရာသီစာထန်းသီးဆံ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
May 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်ဝေဒနာရှင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကျောက်ကပ်ဖောင်ဒေးရှင်းရန်ပုံငွေအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 16,2025
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့နံနက်တွင် သန်လျင်မြို့နယ်ရှိ သတ်မှတ်နေရာအသီးသီးတွင် စိုက်ထူဆောင်ရွက်ခဲ့ကြသည်။