အမြို့မြို့အနယ်နယ်သတင်းများ

May 16,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က  ပြိုင်ပွဲများပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
May 16,2025
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ခုနှစ်ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ ကျောင်းအပ်နှံရေး၊ မန္တလေးငလျင်ကြီးကြောင့်ရပ်ဆိုင်းခဲ့သော ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးမှူး ရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 16,2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများထံ သွားရောက် အခမဲ့ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
May 16,2025
ရန်ကုန်တိုင်းဒေသကြီး ၊ကျောက်တံတားခရိုင် ၊ ​လသာမြို့နယ်တွင်  ၂၀၂၄ -၂၀၂၅  ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၏ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းများတွင် ထုတ်ပြန်လျက်ရှိကြောင်းသိရသည်။
May 16,2025
ပညာရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်း အနားကို မေလ ၁၆ ရက်နေ့၊ နံနက် ၇ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊  ၂၆ လမ်း၊ ၆၆ လမ်း၊ ကျုံးထောင့်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ် ပညာရေးမှူးရုံးရှေ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လမ်းဆုံနှင့် ကံဘဲ့လမ်းဆုံရှိ အ.ထ.က(ကံဘဲ့)တို့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
May 16,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့တွင်ပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနား တက်ရောက်ခဲ့ကြသည်။