ဖျာပုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ INSTALLATIONတပ်ဆင် အသုံးပြုခြင်းဆောင်ရွက်

ဖျာပုံ ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒုတိယအပိုင်း (၂) တွင်ပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEV)များ INSTALLATIONတပ်ဆင် အသုံးပြုခြင်းများကို ယနေ့နံနက်ပိုင်းကဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင် အသုံးပြုခြင်း ဆောင်ရွက်ရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM-INSTALLATION) တပ်ဆင် အသုံးပြုခြင်းသင်တန်း တက်ရောက်ထားသည့် ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက်အတွင်း SD ကဒ်များထည့်သွင်းခြင်း၊ စတေကာ တပ်ဆင်ခြင်းများကို နည်းစနစ်တကျဆောင်ရွက်ကြပြီး ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်အဖွဲ့ဝင်များက အနီးကပ်ကြပ်မတ်ဆောင်ရွက်သည်။

ဖျာပုံမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅) အုပ်စု၌ မဲရုံပေါင်း(၁၇၇)ရုံ ဖွင့်လှစ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါမဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၉၂၈ လုံးတို့အား INSTALLATION နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)