အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးရုံးမှ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jan 10,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက ကျင်းပသည်။
Jan 10,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ပဲကြီးသီးနှံစိုက်ပျိုးမှုအား လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
Jan 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက  ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်အခမဲ့ငှားရမ်းပေးခဲ့ကြသည်။
Jan 10,2025
မုံရွာတက္ကသိုလ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ပူးပေါင်းပြီး မုံရွာတက္ကသိုလ်မှ ဦးဆောင်ကာ မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာ၊ ဆရာမများအတွက် သင်ကြားမှု၊ သင်ယူမှု ပိုမိုထိရောက်စေရန် ရည်ရွယ်ပြီး အခြေခံပညာ အထက်တန်းဆင့် (Grade-12) ဆရာ/ ဆရာမများ အရည်အသွေးမြင့်မားရေးစွမ်းရည်မြှင့် ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အသက် ၈၅ နှစ်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှပေးအပ်သည့် လူမှုရေးပင်စင်ငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jan 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား အသိပညာပေးနယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 10,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ညောင်အိုင်၌ ပညာရည်ချွန်ဆုနှင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီခွဲက အဆိုပါကျောင်း ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပသည်။