Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး)တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Dec 31,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး)တွင် (၇၈) နှစ် မြောက်လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခြင်းကို ဒီဇင်ဘာ ၃၁ ရက်ကစတင်ကာ အဆိုပါ တက္ကသိုလ်တွင်း၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစား…
Dec 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉) ခွဲနာရီအချိန်က အမှတ် (၁၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပပြုလုပ်
Dec 31,2025
လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏ အနှစ်သာရကို အနာဂတ်၏ ကြယ်ပွင့်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများ တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်အတွက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 31,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများထံ အခမဲ့ လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 31,2025
ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာ ၃၀ ရက်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်မဲပေးနိုင်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ
Dec 31,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်မဲပေးနိုင်စေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မုတ္တမကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝင်းအနောက်ရှိ၊ မာဂဒူခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ အတွင်းရေးမှူး ရဲမှူးအောင်ဆွေဦး၊ အဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်နှင့် မုတ္တမကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကျင်းပ
Dec 31,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ/ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ဧကဒသမအကြိမ်မြောက် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲကျင်းပ
Dec 31,2025
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်း(မြိတ်)တွင် ၂၀၂၄-၂၅ ပညာသင်နှစ်တွင် တက်ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသူများအား ဧကဒသမအကြိမ် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို ပုလဲရတနာခန်းမတွင် ဒီဇင်ဘာ ၃၀ ရက်နေ့က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1821
Page
1822
Page
1823
Page
1824
Current page
1825
Page
1826
Page
1827
Page
1828
Page
1829
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department