ကျိုက်မရော ဇန်နဝါရီ ၁
ကျိုက်မရောမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ကျိုက်မရော)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရူနိုင်ရန် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဥ်း၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်း စသည့် အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)