ဒိုက်ဦး ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီ (၁၁) ရက်နေ့၌ မဲရုံများတွင် တာဝန်ယူကြီးကြပ်ဆောင်ရွက်ရမည့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်း (၉)နာရီ ကအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ မဲရုံ(၁၀ဝ)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဖြည့်သွင်းရမည့် လျှောက်လွှာပုံစံ (၁၃)များကို တစ်ပါတည်းယူဆောင်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုမဲဆန္ဒနယ်များအလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)