ပေါင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ

ပေါင် ဇန်နဝါရီ ၂

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲများတွင် ဌာနဆိုင်ရာဝန်ထမ်းများက အပြေးပြိုင်၊ လွန်ဆွဲ စသည့် အားကစားနည်းပြိုင်ပွဲများ ကျင်းပခဲ့ရာ ပြိုင်ပွဲများတွင် ဆုရရှိသူများအား (၄-၁-၂၀၂၆) (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)