ဝမ်းတွင်း မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ရက်ကွက်များအတွင်းရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ယနေ့နံနက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရက်ကွက်များအတွင်း မိုးရာသီကာလရေဝပ်ခြင်း၊ ရေမြောင်းပိတ်ဆို့ရေလျှံခြင်းများ ဖြစ်ပေါ်သောနေရာများအား ရေမြောင်းပိတ်ဆို့မှုများ ရှင်းလင်းခြင်း၊ မြောင်းဖော်ခြင်း၊ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းဗိုလ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)