လောင်းလုံးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိ‌ပညာပေး နှိုးဆော်

လောင်းလုံး မေ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊​ လောင်းလုံး​​မြို့နယ်အတွင်း မိုးကြိုးကာလ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ ရေကြီး၊ ရေလျှံခြင်းများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအား အထူးသတိပြုနေထိုင်ရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာနှင့်ကဘူကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်​​အောင်ဦး၏ ကြီးကြပ်မှုဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးရဲဇော်ထွေး ဦးဆောင်၍ တပ်ဖွဲ့ဝင် ၄ ဦးတို့မှ က​မြောကင်း​ကျေးရွာနှင့် ကဘူကျေးရွာတို့တွင် သတိပေးဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

‎‌သိန်းသိန်း(လောင်းလုံး)