ပေါက်ခေါင်းမြို့နယ်၌ ဆင်းရွှေကြာ-၂ နေကြာမျိုးအား Phenotypic Recurrent Mass Selection နည်းလမ်းဖြင့် မျိုးကောင်း၊ မျိုးသန့် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်

ပေါက်ခေါင်း ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင် ကွင်းဝန်ထမ်းများသည် မစိုးရိမ်ကျေးရွာအုပ်စု၊ ဆင်ဖြူကန်ကျေးရွာရှိ ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ ဆင်းရွှေကြာ-၂ နေကြာမျိုးအား Phenotypic Recurrent Mass Selection နည်းစနစ်ဖြင့် မျိုးကောင်းမျိုးသန့် ထိန်းသိမ်းမြှင့်တင်ခြင်းလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူများအား ဆင်းရွှေကြာ-၂ နေကြာမျိုး၏ မူလမျိုးဗီဇလက္ခဏာများ သန့်စင်လာစေရုံသာမက ပင်စည်သန်မာမှု၊ ရောဂါဒဏ်ခံနိုင်မှုနှင့် အစေ့တည်မှု အားကောင်းသည့် မျိုးစေ့များကို ရရှိစေမည်ဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းအတွင်းမှပင် အရည်အသွေးမီ မျိုးစေ့များကို ကိုယ်တိုင်ရွေးချယ် ထုတ်လုပ်နိုင်ကြမည်ဖြစ်ရာ ပြင်ပမှ မျိုးစေ့ဝယ်ယူရသည့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး ဒေသတွင်း ဆီထွက်သီးနှံကဏ္ဍကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)