စလင်းမြို့နယ် ရေပေါ်ကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ (၂)ထပ်ကျောင်းဆောင် ဆောက်လုပ်မှု (၁၀၀)ရာခိုင်နှုန်းပြီးစီး

စလင်း  မေ  ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရေပေါ်ကျွန်းကျေးရွာ အခြေခံပညာ ဦးစီးဌာန (၂)ထပ် ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအား ယမန်နေ့ ၁၁ နာရီအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များက ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုနှင့် ရေရှည်တည်တံ့စေရန်အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ရေပေါ်ကျွန်းကျေးရွာ အထက်တန်းကျောင်းခွဲအား ပညာရေးဝန်ကြီးဌာန အခြေခံညာ ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ အမျိုးအစားမှာ အလျား ၁၄၀ ပေ အနံ ၃၀ပေ (RCC)၂ထပ် ကျောင်းဆောင်ဖြစ်ပြီး ပြည်ထောင်စုရန်ပုံငွေ (၂၀၇.၄၈)ကျပ်သန်း အကုန်အကျခံကာ (အင်ကြင်း) စလင်းကုမ္ပဏီမှ တင်ဒါအောင်မြင်ပြီး တာဝန်ယူ ဆောက်လုပ်ခဲ့သည်။

ယနေ့ မေလ ၄ ရက်နေ့အထိ (၁၀၀)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး၍ ၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် စလင်းမြို့နယ် ရေပေါ်ကျွန်းကျေးရွာ အုပ်စုအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို ကောင်းမွန်စွာ သင်ကြားနိုင်စေရန်နှင့် ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ရေပေါ်ကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲဆောင် ဆောက်လုပ်ပြီးစီးမှု (၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် ရပ်မိရပ်ဖများထံမှ သိရသည်။

မောင်လွင်