မြန်အောင်၌ ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ်သီးသန့် စိုက်ပျိုးမည့် တောင်သူများနှင့် နည်းပညာဆွေးနွေးပွဲ ကျင်းပပြုလုပ်

မြန်အောင် မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ် သီးသန့် စိုက်ပျိုးမည့် တောင်သူများနှင့် နည်းပညာ ဆွေးနွေးပွဲကို ယမန်နေ့က အင်ပင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ်သီးသန့် စိုက်ပျိုးမည့် တောင်သူများနှင့် နည်းပညာ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်နှင့် တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ ဒေါ်ခင်ဌေးမြင့်တို့က  မိုးရာသီတွင် ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ် သီးသန့်စိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ် မှန်ကန်ရေး တောင်သူများသိရှိရမည့် အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍  မိုးနေကြာ မျိုးစေ့ထုတ် သီးသန့်စိုက်ပျိုးမှုနှင့် ပတ်သက်၍ တောင်သူများက သိရှိလိုသည်များကို မေးမြန်း ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နည်းပညာဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့် ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ် သီးသန့်စိုက်ပျိုးမည့် ကျေးရွာအုပ်စု(၁၄) အုပ်စုတို့မှ တောင်သူ(၅၂)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ယခုနှစ် မိုးရာသီတွင် မြန်အောင်မြို့နယ်၌ မိုးနေကြာ ဧက (၁၃၀၀) မျိုးစေ့ထုတ်သီးသန့် စိုက်ပျိုးရန် လျာထားကြောင်းသိရှိရသည်။

ဝင်းဗိုလ် မြန်အောင်