ရေဖြူ မေ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယခုနှစ် ရာသီပေါ်တညင်းသီး ယခင်နှစ်ထက် ဆယ်ဆနီးပါး ဈေးရရှိကြောင်းသိရသည်။ ရေဖြူဒေသထွက် တညင်းသီးကို ဒေသခံများ စားသုံးမှုအပြင် ရန်ကုန်မှတဆင့် မြန်မာပြည်အနှံ့အပြားသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
"မနှစ်က တညင်းသီးတစ်ပုံးကို ၂၅၀၀ ကျပ်ပဲရရှိတယ်။ ဒီနှစ်တညင်းသီးတစ်ပုံးကို ၂၂၀၀၀ ကျပ် ဈေး ရရှိတော့ ဆယ်ဆနီးပါးဈေးရရှိတာပေါ့" ဟု တညင်းသီးလာရောင်းသူတစ်ဦးက ပြောပြ သည်။
"ဒီနှစ် အထွက်နည်းတာလည်းပါမယ်။ တညင်းသီးက လိုသလောက်မရဘူးဗျ။ အဲဒါကြောင့် တောထဲ တညင်းသီးရှာသူတွေဆီ မနှစ်ကထက် ဈေးအများကြီးပိုပေးပြီး ဝယ်ရတယ်" ဟု ကျောက်ကညာကျေးရွာ တညင်းသီးအဝယ်ဒိုင်ပိုင်ရှင်က ပြောပြသည်။
ရေဖြူတွင် တညင်းသီးကို ဥယျာဉ်ခြံများတွင် စိုက်ပျိုးထားသော အပင်များကလည်းကောင်း၊ တောတောင်ထဲ ပေါက်ေနသော တညင်းပင်များတွင် ရှာဖွေ ခူးဆွတ်ပြီး ရောင်းချကြသည်။ ဧပြီ၊ မေ၊ ဇွန်လအထိ အများဆုံးထွက်ရှိပြီး တညင်းသီးကို အစိမ်းစားခြင်း၊ ဆားရည်စိမ်စားခြင်း၊ ပြုတ်ခြင်း၊ ပေါင်းခြင်းဖြင့် ကြိုက်နှစ်သက်သူများက ဟင်းလျာဖြင့် အမျိုးမျိုး ပြုလုပ်စားသုံး ကြသည်။
ခတ္တာ