မရမ်းကုန်း မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ အဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်းသို့ ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန် ယမန်နေ့နံနက်ပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။
အဖြူရောင်ပရဟိတအသင်းသို့ လာရောက်လှူဒါန်းသည့် အလှူရှင်များမှာ ဖြူးကျောင်းဆရာတော်မှ အလှူငွေကျပ်(၃၀၀၀ဝိ/)၊ ကွယ်လွန်သူ ဦးသန်းဌေးအား ရည်စူး၍ ကျန်ရစ်သူ မိသားစုမှ အလှူငွေကျပ်(၅၀၀၀ဝိ/) တို့အား ပေးအပ်လှူဒါန်းခဲ့ပြီး အသင်းမှ တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးအောင်