အလုံမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌ အင်္ဂလိပ်စာဖတ်စွမ်းရည် ပြိုင်ပွဲ ကျင်းပ

အလုံမေ ၅

လူငယ်၊ လူရွယ်များ အင်္ဂလိပ်စာစွမ်းရည် တိုးတက်​စေရန်နှင့်  အများ​ရှေ့တွင် ရဲဝံ့စွာ​​​ပြောဆိုနိုင်မှု စွမ်းရည်တိုးတက်​စေရန်အတွက် ရည်ရွယ်ကာ ​​ အင်္ဂလိပ်စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယ​နေ့နံနက် (၁၁:၀၀)နာရီအချိန်က အလုံမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး  ဒေါ်ခိုင်ဇာလင်းက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး​ရေးအတွက် ယခုလို ပြိုင်ပွဲများ ကျင်းပရခြင်း ဖြစ်​ကြောင်း၊ ​နွေရာသီ​ကျောင်းပိတ်ရက်များတွင် သင်တန်းများ၊ ပြိုင်ပွဲများ၊ အားကစား လှုပ်ရှားမှုများ​ ဆောင်ရွက်မည်ဖြစ်သဖြင့် ပါဝင်ကြရန်နှင့် အင်္ဂလိပ် စာဖတ်စွမ်းရည် ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့်​​ကျောင်းသား၊​​ ကျောင်းသူ (၁၀)ဦးက မိမိတို့ကြိုက်နှစ်သက်သည့် အ​ကြောင်းအရာ များကို ​အင်္ဂလိပ်ဘာသာစကားဖြင့် ဆွေး​နွေး​ပြောကြားခဲ့ပြီး  ပြိုင်ပွဲတွင် ဆုရရှိသူ (၅)ဦးနှင့် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခြင်းနှင့် လက်​ဆောင်​များ​ပေးခြင်းကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။

အလုံမြို့နယ်ရုံးအနေဖြင့် လူငယ်များအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးရေးအတွက် သင်တန်းများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများနှင့် ဟောပြောပွဲများ စသည့် အသိပညာပေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များ နှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ချို