ပင်းတယမြို့နယ်၊ အင်းပက်လက်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

ပင်းတယ ဇွန် ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်းဖွင့်လှစ်သည့်၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပင်းတယမြို့နယ် တမဲကျေးရွာအုပ်စု၊ အင်းပက်လက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်များ ပိုမိုရရှိစေရန်၊ အသက်မွေးဝမ်းကြောင်း အထောက်အကူဖြစ်စေသည့် အခြေခံလူသုံးကုန်ထုတ်လုပ်နည်းသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်

ကြောင်း၊ သင်တန်းသူ/သားများအနေဖြင့် စိတ်ပါဝင်စားစွာသင်ယူကြရန်နှင့် မိမိတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ပြီး တနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လက်တွေ့အသုံးချဆောင်ရွက်ကြစေလို့ကြောင်း စသည်တို့အား အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသန့်ကသင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပေးခဲ့သည်။

အဆိုပါ သင်တန်းတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘက်စုံသုံးဆပ်ပြာဆီ(၁၂)မျိုးထုတ်လုပ်နည်းကို စာတွေ့၊ လက်တွေ့ဖြင့် သင်တန်းနည်းပြ ဆရာမ(၂)ဦးမှ ဦးဆောင်၍ သင်တန်းသူ/သား၂၀ ဦးတို့အား (၁၄.၆.၂၀၂၂) ရက်နေ့မှ (၂၀.၆.၂၀၂၂) ရက်နေ့အထိ (၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်းတယ (ပြန်/ဆက်)