ကော့ကရိတ်မြို့အထက(၁)​ကျောင်း၌ ကျားမအ​ခြေပြုအကြမ်းဖက်မှု အသိပညာ​ပေး​ဟော​ပြော​ပွဲ​ဆောင်ရွက်

ကော့ကရိတ် ဇွန် ၁၄

ကရင်ပြည်နယ်၊​ ကော့ကရိတ်ခရိုင်၊​ ကော့ကရိတ်မြို့အထက(၁)​ကျောင်းတွင် ယ​နေ့နံနက် (၁၀:၀၀)နာရီချိန်က ကျားမအ​ခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာ​ပေးဟော​ပြောပွဲ ကျင်းပပြုလုပ်​ကြောင်း သိရသည်။

ဟော​ပြောပွဲတွင် အထက(၁)​ကျောင်းအုပ်ဆရာမကြီးမှ အမှာစကား​ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး​ဒေါ်​အေး​အေးသင်းက​ ကျောင်းသူ​ကျောင်းသားများကို ကျားမအ​ခြေ ပြုအကြမ်းဖက်မှုဆိုသည်မှာ ​ဝေဒနာခံစားမှုများကိုဖြစ်​ပေါ်​စေသည့် အ​ပြုအမူများ၊ ခြိမ်း​​​ခြောက်ခြင်းနှင့် လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်သည့် အခြားအပြုအမူများ၊ ​အကြမ်းဖက်မှုအမျိုး အစား၊ အကြမ်းဖက်မှုဖြစ်ပွားရသည့်အ​ကြောင်းအရင်း၊ အကြမ်းဖက်မှု၏ ရုပ်ပိုင်းစိတ်ပိုင်း အကျိုးဆက်များ၊ အကြမ်းဖက်မှုဖြစ်ပွားပါက တိုင်ကြားနိုင်သည့် တိုင်း​ဒေသကြီးပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ ဖုန်းနံပါတ်၀၆၇-၃၄၀၄၂၂၂နှင့် ၀၅၈-၂၁၀၆၃ တို့ကိုဆက်သွယ်တိုင်ကြား အကူညီရယူနိုင်​ကြောင်းစသည်ဖြင့်​ ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်ခင်​လေးနွယ်က စာဖတ်ရှိန်မြှင့်တင်​ရေးအတွက် စာဖတ်ခြင်း၏အကျိုး​ကျေးဇူးများ၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာ​စောင်​များ အခမဲ့လာ​ရောက်ဌားရမ်းဖတ်ရှုကြ​စေ​ရေးတို့ကို အသိပညာ​ပေး​ပြောကြားခဲ့သည်။

အဆိုပါအသိပညာ​ပေး​ဟော​ပြောပွဲသို့ အထက(၁)​ကျောင်းမှ​ ကျောင်းသူ​ကျောင်းသားများနှင့် ဆရာဆရာမ(၁၀၀) ဦးခန့်တက်​ရောက်ကြ​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်ဆက်)