တောင်တွင်းကြီး ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် ကာကွယ်ဆေးထိုးအဖွဲ့များသည် အဖွဲ့များခွဲကာရပ်ကွက်များ အရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်မှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် တောင်ပြင်(၁)ရပ်ကွက်၊ တောင်ပြင်(၂)ရပ်ကွက်၊ မောင်းတိုင်(၁)ရပ်ကွက်၊ မောင်းတိုင်(၂)ရပ်ကွက်၊ ရွှေအိုး(၁)ရပ်ကွက်တို့ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်ထိုးနှံပြီးသော ပြည်သူများကို ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်