Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့ပေါ်ရပ်ကွက်များအတွင်း အမှိုက်များသိမ်းဆည်းပေး
Jun 15,2022
ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စုများမှ မီးဖိုချောင်မှထွက်ရှိသည့်အမှိုက်များကို သိမ်းဆည်းပေးလျက်ရှိရာ ယမန်နေ့က စည်ပင်သာယာ ရပ်ကွက်၌လည်းကောင်း၊ ယနေ့တွင် မြို့မရပ်ကွက်၌လည်ကောင်း သိမ်းဆည်းပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့၌ ချောင်းကမ်းစပ်မြေနိမ့်ပိုင်းများတွင် ရေဝင်ရောက်မှုကြောင့် ရေဘေးအန္တရာယ် အသိပညာပေး လှည့်လည်ဆော်ဩ
Jun 15,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ချောင်းကမ်းစပ်မြေနိမ့်ပိုင်းများ၌ ရေအနည်းငယ် ဝင်ရောက်မှုကြောင့် မြို့နယ်မီးသတ်စခန်းမှ ယနေ့ နံနက်(၁၀)နာရီတွင် ရေဘေးအန္တရာယ် အသိပညာပေး လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေး နည်းပညာပေး ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်
Jun 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့ က ကန်စုကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးခဲ့ ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD)သင်တန်းဆင်းပွဲ ကျင်းပ
Jun 15,2022
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ECCD)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် တိုင်းရင်းဆေးကုသရေးဌာနမှ မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများ အကြောင်းအသိပညာပေး ဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်
Jun 15,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ထော်အောက်ကျေးရွာသို့ မြို့နယ်တိုင်းရင်းဆေးကုသဌာနမှ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်း ဆေးကုသပေးခြင်း (အခမဲ့) ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး နံရံစာစောင်များ ပြသ
Jun 15,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်နေ ကျောင်းသား/သူများ ကျောင်းစာအပြင် အသိပညာ၊ ဗဟုသုတများ တိုးပွား ရရှိစေရေးရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် အသိပညာပေး နံရံစာစောင်များ ပြသဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမာများနှင့် ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ ပြိုင…
Jun 15,2022
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများနှင့် ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဝန်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူ များနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် မင်းလွင်ကျေးရွာအုပ်စုမှ တောင်သူများအား ၂၀၂၂ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Jun 15,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းလွင်ကျေးရွာအုပ်စုမှ တောင်သူ (၇၃)ဦး၏ စပါးသီးနှံစိုက်ဧက (၁၁၇)ဧကနှင့် အခြားသီးနှံစိုက်ဧက (၁၇)ဧကအတွက် ချေးငွေကျပ် (၁၉၂.၅)သိန်းကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17419
Page
17420
Page
17421
Page
17422
Current page
17423
Page
17424
Page
17425
Page
17426
Page
17427
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department