အမြို့မြို့အနယ်နယ်သတင်းများ

May 03,2022
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ ပြုပြင် ထိန်းသိမ်းခြင်းသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စင်တောင်းကျေးရွာအုပ်စု မိုးဦးကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
May 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အ.လ.က(၁)ကျောင်း မြညီလာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
May 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ အသက် ၉ နှစ်မှ ၁၀ နှစ်ကြား အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်း ရောဂါ ကာကွယ်ဆေး (HPV)ဒုတိယအကြိမ်ထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉:၃၀ မှ စတင်ကာ တောင်ဥက္ကလာပမြို့နယ် ၊အမှတ်(၆)ရပ်ကွက်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 03,2022
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘခေမာရာမကျိုင်းတုံကျောင်း၌
May 03,2022
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကို မေ လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
May 03,2022
ပြည်သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်၊ ဒေသထွက်သီးနှံများဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံ၊ ကြက်သွန်နီတို့ကို အသုံးပြုကာ တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးမြို့နယ် အင်တိုင်းကြီးကျေးရွာ အလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 03,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မွေးကင်းစအသက်(၂)လမှတစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယနေ့၊ နေ့လည် ၁၁ နာရီက  စတင်၍ ပုဏ္ဏားကျွန်းမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် သတ်မှတ်စုရပ်နေရာ အသီးသီးတို့တွင် တိုက်ကျွေး ထိုးနှံပေးလျက်ရှိသည်။
May 03,2022
ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား