အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် လားရှိုးမြို့ International Committee of the Red Cross Myanmar (ICRC) အဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၂/၂၀၂၂)ကို ယမန်နေ့နံနက် ၉နာရီက ရွှေကျောင်းရိပ်သာတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 10,2022
ရှမ်းပြည်နယ်( တောင်ပိုင်း )၊ လွိုင်လင်ခရိုင် ၊ မိုင်းစံမြို့ အ-ထ-က ကျောင်း၌ ယနေ့နံနက် (၈)နာရီခွဲ အချိန်က ဇွန်လ(၅)ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ စာစီစာကုံးပြိုင်ပွဲ၊ အိမ်တွင်းမှုလက်မှုလုပ်ငန်းပြိုင်ပွဲတွင် ပြည်နယ်အဆင့်ဆုရရှိသူများကို ဆုများချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်၊၊
Jun 10,2022
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်အပြီး မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံပညာသင်ကြားနိုင်ရန် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သား/သမီး ကျောင်းနေအရွယ်ကလေးငယ်တစ်ချို့ ယခုရက်ပိုင်းအတွင်း ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ပြန်လည်ဝင်ရောက်မှုများရှိကြောင်း သိရသည်။
Jun 10,2022
လူငယ်များ စာရိတ္တကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စေရန်၊  အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လည်ပိုင်းက လေးမျက်နှာမြို့နယ် မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆရာဖြစ် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
Jun 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား ဆီသိုလှောင်ထားရှိမှုအခြေအနေများ၊ အချိန်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းများ မှန်ကန်မှုရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်နှင့် အသက် ၁၁ နှစ်မှ ၁၂ အထိ ကျောင်းသား ကျောင်းသူများကို Myancopharm ထိုးနှံခြင်းတို့ကို ယနေ့နံနက် ၉ နာရီခွဲက မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။