မင်းလှမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု၊ အချိန်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

အထက်မင်းလှ ဇွန် ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား ဆီသိုလှောင်ထားရှိမှုအခြေအနေများ၊ အချိန်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းများ မှန်ကန်မှုရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီသိုလှောင်ကန်များအား သတ်မှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားရှိမှုရှိ/မရှိ၊ ဆီသိုလှောင်ကန်များတွင် စက်သုံးဆီများ သိုလှောင်ထားရှိမှု အခြေအနေများ၊ စက်သုံးဆီ ရောင်းဝယ်ရာတွင် အခြင်အတွယ်ရောင်းဝယ်မှုများ မှန်ကန်မှုရှိစေရေး၊ ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ စက်သုံးဆီများအား သိုလှောင်ကန်များတွင်ထားရှိပြီး ဈေးနှုန်းကစားမှု မရှိစေရေးနှင့် ပြည်သူများလိုအပ်ချက်အတိုင်း စနစ်တကျရောင်းဝယ်ပေးရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး‌ ဆောင်ရွက်ထားရှိမှုများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)