သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၂/၂၀၂၂) ဖွင့်လှစ်ဆောင်ရွက်

သီပေါ ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် လားရှိုးမြို့ International Committee of the Red Cross Myanmar (ICRC) အဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၂/၂၀၂၂)ကို ယမန်နေ့နံနက် ၉နာရီက ရွှေကျောင်းရိပ်သာတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူက သင်တန်းလာရောက် ဖွင့်လှစ်ပေးသောလားရှိုးမြို့(ICRC)မှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ၊ ၂၀၂၂ ခုနှစ် ကမ္ဘာကြက်ခြေနီနေ့ ဆောင်ပုဒ်ဖြစ်သော “ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား” ဆိုသည့်အတိုင်း မိမိ၏မိသားစုနှင့်ပတ်ဝန်းကျင်ကို ကူညီဆောင်ရွက်နိုင်စေရန် အခြေခံ ရှေးဦးပြုစုခြင်းကို တတ်မြောက်နားလည်ထားသင့်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် သင်ယူကြစေလိုကြောင်း၊     အမှုဆောင်နာယက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းကို နည်းပြ(၅)ဦးတို့က စာတွေ့၊ လက်တွေ့ပိုချပေးခဲ့ရာ သင်တန်းသားများက စိတ်ပါဝင်စားစွာကြိုးစားလေ့လာသင်ယူခဲ့ကြကြောင်း၊ နမ့်လန်ကျေးရွာ၊ နားမခေါ်ကျေးရွာ၊ လောင်ခွန် ကျေးရွာများမှ သင်တန်းသား(၂၁)ဦးတက်ရောက်ခဲ့ပြီး သင်တန်းအားဇွန်လ (၉)ရက်မှ (၁၁)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ် ကြက်ခြေနီ အသင်းခွဲမှသိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)