မဘိမ်း ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ဆီသိုလှောင်ထားရှိမှုအခြေအနေများ၊ အခြင်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းများ မှန်ကန်မှုရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီသိုလှောင်ကန်များအား သတ်မှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားရှိမှုရှိ/မရှိ၊ ဆီသိုလှောင်ကန်များတွင် စက်သုံးဆီများ သိုလှောင်ထားရှိအခြေအနေများ၊ စက်သုံးဆီရောင်းဝယ်ရာတွင် အခြင်အတွယ်ရောင်းဝယ်မှုများ မှန်ကန်မှုရှိစေရေး၊ ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ စက်သုံးဆီများအား သိုလှောင်ကန်များတွင်ထားရှိပြီး ဈေးနှုန်းကစားမှုမရှိစေရေးနှင့် ပြည်သူများလိုအပ်ချက်အတိုင်း စနစ်တကျ ရောင်းဝယ်ပေးရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)