အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို သိန္နီမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ကထိုးနှံလျက်ရှိသည်။
Jun 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 08,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနက ယမန်နေ့နေ့လည်ပိုင်းတွင် ရေတာရှည်မြို့မစျေးအတွင်းရှိ  စျေးတာဝန်ခံရုံး၌ အမှတ် တံဆိပ်ပါ ဘူးသွင်းစားသုံးဆီများ ရောင်းချလျက်ရှိသော ကုန်စုံဆိုင်ပိုင်ရှင်များ စားသုံးဆီ ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေး​နွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Jun 08,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား ကျောင်းသူ များအား သတ်မှတ်စုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (5) Dose အား အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိသည်။
Jun 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ် နိုင်စေရေးနှင့် ရောဂါကွင်းဆင်း ပြတ်တောက်စေရေးအတွက်
Jun 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွ အခြေခံပညာအလယ် တန်းကျောင်းခွဲတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။