သိန္နီ ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို သိန္နီမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ကထိုးနှံလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် သိန္နီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ Grade-3၊ Grade-4 နှင့် Grade-5 တွင် ပညာသင်ကြားလျက်ရှိသော အသက်(၅)နှစ်မှ (၁၂)နှစ်ကြားရှိ ကျောင်းသား/ကျောင်းသူများကို မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ရယူ၍ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းဖြစ်သည်။ အဆိုပါဆေးအား ဆေးတစ်လုံးလျှင် လူ(၅) ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ ကျောင်းသား/ကျောင်းသူများအား ဆေးထိုးနှံပေးရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်နှင့် တာဝန်ရှိသူများက ကြပ်မတ်၍ ဆောင်ရွက်လျက်ရှိပြီး ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
စောဥမ္မာ(သိန္နီ)