ရေတာရှည် ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနက ယမန်နေ့နေ့လည်ပိုင်းတွင် ရေတာရှည်မြို့မစျေးအတွင်းရှိ စျေးတာဝန်ခံရုံး၌ အမှတ်တံဆိပ်ပါ ဘူးသွင်းစားသုံးဆီများ ရောင်းချလျက်ရှိသော ကုန်စုံဆိုင်ပိုင်ရှင်များ စားသုံးဆီ ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်မှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားကို တိကျမှန်ကန်စွာ ဖော်ပြထားသည့် ကုန်စည်များ ဝယ်ယူသုံးစွဲရန် လိုအပ်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ဟင်းသီးဟင်းရွက်ဆီ( vegetable oil. cooking oil) အမျိုးအစားများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ထည့်သွင်းဖော်ပြပါရှိရမည့်အချက်များ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ရေတာရှည်