သိန္နီမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

သိန္နီ    ဇွန်     ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် သိန္နီမြို့ ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ဝင်းကိုကိုက ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများအား အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက ပြိုင်ပွဲတွင် သတ်မှတ်ထားသည့်  စည်းကမ်းများအား ရှင်းလင်းဆွေးနွေးခြင်းများ ဟောပြောခဲ့သည်။ စာစီစာကုံးပြိုင်ပွဲတွင် သိန္နီမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀) ဦးက မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဆိုးကျိုးများအကြောင်းကို “မူးယစ်ကင်းစင် မြန်ပြည်တစ်ခွင်”ခေါင်းစဉ်ဖြင့် ဝင်ရောက်ဖြေ ဆိုခဲ့သည်။ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)