Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဖြူးမြို့နယ်၊ ကြို့ပင်သာကျေးရွာတွင် မီးလင်းရေးဖွင့်ပွဲကျင်းပ
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အကြပ်အင်းကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် NEP Phase-II အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော (50KVA) ထရန်စဖော်မာမှ အိမ်ခြေ(၃၁)အိမ်အတွက် အိမ်သုံးလျှပ်စစ်မီတာများဖြင့် လျှပ်စစ်ဓါတ် အားပေးနိုင်ပြီ ဖြစ်သောကြောင့် မီးလင်းရေးဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါ ကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးတစ်ခုခုကျရောက်ပါက အသက်ရှူကိရိယာ B.A set အသုံးပြုနိုင်ရန်ဇာတ်တိုက််လေ့ကျင့်
Jun 10,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ် သဘာဝဘေးတစ်ခုခု ကျရောက်ပါက ကာကွယ်နိုင် ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့များမှ အသက်ရှူကိရိယာ B.A set ဇာတ် တိုက်လေ့ကျင့်ခြင်းကို ညောင်ပင်ဈေးရပ်ကွက် မီးသတ်ဦးစီးဌာနရုံးရှေ့၌ ယနေ့ နံနက် ၉ နာရီ အချိန်က လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှ၌ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား ပေါင်စနစ်ဖြင့် ပျိုးထောင်နည်း ကွင်းသရုပ်ပြပွဲပြုလုပ်
Jun 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဦးနိုင်၏ လယ်မြေတွင် ယမန်နေ့ နံနက် ၁၀ နာရီက မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား ပေါင်စနစ်ဖြင့်ပျိုးထောင်နည်း ကွင်းသရုပ်ပြပွဲပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် ကာကွယ်ဆေး မထိုးနှံရသေးသူ အသက် (၅) နှစ်မှ (၁၂) အထိ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် လသာမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ အသက် (၅) နှစ်မှ (၁၂) အထိ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က၊ အ.မ.က (၁) ကျောင်း၊ အ.လ.က (၁) ကျောင်း၊ အ.မ.က (၂) ကျောင်း အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ် စုပေါင်းရုံးဝင်းနှင့် ဥရုချောင်းဆုံနေရာများတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပ
Jun 10,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် စုပေါင်းရုံးဝင်းအတွင်းနှင့် ဥရုချောင်း၊ မှော်ဝမ်းချောင်းဆုံအနီး နေရာများတွင် ယနေ့နံနက် ၈နာရီခွဲက မိုးရာသီစုပေါင်းသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jun 10,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ ဗဟုသုတရရှိစေမည့် စာအုပ်များ ငှားရမ်းပေး
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများ ရရှိစေရန်အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက် ပိုင်းခရိုင် (အင်းစိန်) ရုံးရှိ ဝန်ထမ်းများက အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်ရှိ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ် နှီးပဒေါကျေးရွာဟောင်း၌ Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်း
Jun 10,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုက်ရေးအတွက် နှီးပဒေါကျေးရွာဟောင်း၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17189
Page
17190
Page
17191
Page
17192
Current page
17193
Page
17194
Page
17195
Page
17196
Page
17197
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department