အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ယနေ့နံနက်ပိုင်းက မူးယစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး TalkShow ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
Jun 14,2022
မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က နတ်စမ်းစံပြကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 14,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၂၂ခုနှစ် ဇွန်လ ၁၄ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့သွေးလှူဒါန်းရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ်တက်ရောက်ခဲ့ ကြောင်း သိရသည်။
Jun 14,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နေ့လယ်ပိုင်းက အနိုင်းပွန်ကျေးရွာအုပ်စု၊ အင်းဖျားကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မြို့နယ် မီးသတ်ဦးစီးဌာနက သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ကို ဇွန် ၁၄ ရက်က အ.မ.က (၁၃) ကျောင်းတွင် ကိုဗစ်-​၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 14,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန် နမ့်ခမ်းမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဂျော်(၁)၊ (IDPs)တိုက်ပွဲရှောင်စခန်းရှိ ပြသူများမှမူးယစ်ဆေးဝါးအန္တရာယ်နှင့် မျောက်ကျောက်ရောဂါ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က နတ်မင်းကြီးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။