အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိ မြို့မရပ်ကွက်အတွင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို အ.ထ.က (လဲချား)စာစစ်ဌာနတွင် ယနေ့ နံနက် (၆)နာရီအချိန်တွင်
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်တွင် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် အလုံမြို့နယ် အမှတ်(၄) အ​ခြေခံပညာ အထက်တန်း​ကျောင်းတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၄၁.၅၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Jun 17,2022
မန္တလေးတိုင်းဒေသကြီ၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးတည်ရှိရာ၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်လျက်ရှိ ကြောင်းသိရသည်။
Jun 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆နာရီ က အထက(နမ့်စန်)စာစစ်ဌာနနှင့် အထက(ခိုလန်) စာစစ်ဌာနတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများအား ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၇၁၀ ဦးတွင် ၃၅၃ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
Jun 17,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားထုတ်ပြန်ကြေညာထားရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ ၃၀ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းကို အမှက်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်တွင် ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
Jun 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူများ စာရင်းကို ယနေ့ မနက် ၆ နာရီက အခြေခံပညာအထက်တန်းကျောင်း( မိုင်းကိုင်)၌ ကပ်ထားကြေညာပေးခဲ့ရာ ဖြေဆိုအောင်မြင်သူနှင့် ဂုဏ်ထူးရရှိသူများ များပြားသည့်အတွက် ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။