မိုးကုတ် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အခြေခံပညာကျောင်းများဖြစ်သော အထက (၃) အောင်ချမ်းသာ၊ အမက ရွှေဘုံသာ၊အမက ကန်တော်၊ အမက အရှေ့ရွာ၊ အမက အောင်သာယာ ကျောင်းများမှ အသက် (၅)နှစ်နှင့် (၁၅)နှစ် အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို (Myancopharm) နှင့် (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံခြင်းကို ဆေးတစ်လုံးလျှင် ကလေး(၅)ဦးနှုန်းဖြင့် ကာကွယ်ဆေးများကို ဇွန်လ ၁၅ ရက်နေ့က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့လျက်ရှိပြီးကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေစေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဆရာ၊ ဆရာမများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအထောက်အကူပြုအဖွဲ့ထံမှ သိရသည်။
နန်းခွာညိုနှင်း( ပြန်/ဆက်)