Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့သောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကော့သောင်းခရိုင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မွမ်းမံ)ဆွေးနွေးပွဲ ပြုလုပ်
May 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကော့သောင်းခရိုင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မွမ်းမံ) ဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ မေလ (၁၈)ရက်နေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်၌ အသက်တစ်နှစ်မှ ငါးနှစ်အတွင်းကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
May 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ Catch -Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက (၅၄) လမ်းတိုရှိ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် (၅၅) လမ်းရှိ မာဃလုင်ဆွမ်းလောင်းဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် KG မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ
May 19,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 အထိ ကျောင်းသား၊ကျောင်းသူများ၏ အောင်စာရင်း နေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာလျက်ရှိရာ ကျောင်းသားကျောင်းသူများနှင့် မိဘများ လာရောက်ကြည့်ရှုကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများအား ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်ရှိ ရဟန္တာသိမ်တော်ကြီး ဘက်စုံမွမ်းမံပြင်ဆင်ပြီးစီးမှုအား ရေစက်ချအလှူတော်ပြုလုပ်
May 19,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကိုထိန်းသိမ်းနိုင်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ချောင်းဆုံအရှေ့ရပ်ကွက်ရှိ ရဟန္တာသိမ်တော်ကြီးအား မူလလက်ရာမပျက် ဘက်စုံမွမ်းမံပြင်ဆင်ပြီးစီးမှုအား ရေစက်ချတရားတော်နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီက ချောင်းဆုံအရှေ့ရပ်ကွက် ရဟန္တာသိမ်တော်ကြီး၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး
May 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်လုံခြုံရေးအဖွဲ့တို့ပါဝင်သော မြို့နယ်စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယမန်နေ့က ဟောင်ကြန့်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် စိမ်းလန်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိ
May 19,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ လာမည့်မိုးရာသီတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် အပူချိန်များ လျှော့နည်းစေနိုင်ရေးအတွက် ပျိုးပင်ပေါင်း (၂၅၀၀၀) ပင်ကို ဖြန့်ဝေပေးနိုင်ရေးအတွက် ပျိုးထောင်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ် စိုက်ထူ
May 19,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် (၈) နာရီအချိန်က (ဃ)ကြီးရပ်ကွက်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1694
Page
1695
Page
1696
Page
1697
Current page
1698
Page
1699
Page
1700
Page
1701
Page
1702
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department