ရွှေပြည်သာ ဇူလိုင် ၈
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၁၇)တွင် ယနေ့နံနက် ၁၀ နာရီခွဲက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၁)ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် ရပ်ကွက်၊ ကျေးရွာအတွင်း အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်တစ်ဦး လျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ ရွှေပြည်သာမြို့နယ်တွင် သက်ကြီးဘိုးဘွား(၈၉၇)ဦးပြီး စုစုပေါင်းငွေ ၂၆၉၁၀၀၀၀/-ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးမိုး