အူပင် ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်တက္ကသိုလ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ဇူလိုင် (၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲအခမ်းအနားအား ယမန်နေ့က မအူပင်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မအူပင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးက (၇၅) နှစ်မြောက် အာဇာနည်နေ့အား နှစ်စဉ် ဇူလိုင် (၁၉) ရက်နေ့ရောက်တိုင်း နိုင်ငံတော်အတွက် ကြေကွဲစရာနေ့ဖြစ်သဖြင့် အစဉ်အလာမပျက် ကျင်းပလျက်ရှိကြောင်း ပြောကြားသည်။
၎င်းနောက် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိ သူများ၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများဆုချီးမြှင့်ပြီး ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်နှင့် အာဇာနည်နေ့အကြောင်းသိကောင်းစရာ ဟောပြောသူ သမိုင်းဌာနမှ ပါမောက္ခဒေါက်တာ အေးအေးသွယ်အား မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးက ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးကြောင်းသိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ် (မအူပင်)