အိမ်မဲမြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

အိမ်မဲ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံ ပြပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က မြန်မာ့သမိုင်း၌ မမေ့နိုင်သောနေ့တစ်နေ့ဖြစ်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များ၏ အမည်နှင့် အတ္ထုပတ္တိများကိုအကျယ် တဝင့်ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးတို့၏ ဓါတ်ပုံများနှင့် အာဇာနည်နေ့နှင့် ပတ်သက်သော စာအုပ်၊ စာစောင်များ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရူနိုင်ရန် ခင်းကျင်းပြသ ထားရာ ..ကမြို့မ () ကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူခဲကြကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)